Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 57 — Surah Hud 11:57
သင်တို့သည် ကျွန်ုပ်နှင့်အတူ စေလွှတ်တော်မူခြင်းခံရပြီး သင်တို့ထံသို့ အရောက်ပို့စေတော်မူသောအရာ (အရှင့်အမိန့်ဗျာဒိတ်တော်) ကို ကျောခိုင်း၍ မျက်နှာလွှဲလှည့်သွားကြလျှင် (သင်တို့သိသင့်သည်မှာ ကျွန်ုပ်သည် အရှင့်အမိန့်တော်များကို တာဝန်ကျေပွန်စွာဖြင့်) သင်တို့ထံ မုချပင် အရောက်ပို့ခဲ့ပြီးပြီ။ အကယ်၍ သင်တို့က အမှန်တရားကို ဆက်လက်၍ ဇွဲရှိရှိ မယုံကြည်ငြင်းဆန်နေလျှင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သင်တို့၏နေရာတွင် အခြား လူမျိုးတစ်မျိုးကို အစားထိုးဆက်ခံစေတော်မူပြီး သင်တို့သည် ထိုအရှင်မြတ်အား စိုးစဉ်းမျှ ထိခိုက်နစ် နာစေနိုင်ကြမည် မဟုတ်ပေ။ ဧကန်ပင်၊ ကျွန်ုပ် အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (မှတ်တမ်းတင်တော်မူလျက်) ထိန်းသိမ်းစောင့်ရှောက်ထားတော်မူ၏။