Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 58 — Surah Hud 11:58
(အားဒ်လူမျိုးအများစုက မယုံကြည်ငြင်းပယ်မှု၌ပင် ဆက်လက်ရပ်တည်နေသောကြောင့်) ငါအရှင်မြတ်၏ စီမံချက်အမိန့်တော်ရောက်ရှိလာသောအခါ (တမန်တော်) ဟူးဒ်ကိုလည်းကောင်း၊ သူနှင့်အတူရှိကြသော ယုံကြည်သူများကိုလည်းကောင်း (ယုံကြည်မှု၊ ဖြောင့်မတ်မှန်ကန်သောလုပ်ရပ်နှင့်သည်းခံကြံ့ခိုင်မှုတို့ကြောင့်) ငါအရှင့်ထံတော်မှဖြစ်သော ကရုဏာတော်ဖြင့် (လောကီဘေးဒုက္ခမှ) ကယ်တင်တော်မူရုံသာမက (နောင်တမလွန်ဘဝ၌) စူးရှကြမ်းတမ်းသော ပြစ်ဒဏ်မှလည်း ငါအရှင်မြတ်က သူတို့ကို ကယ်တင်တော်မူလိမ့်မည်။