Verse 60 — Surah Hud 11:60

သူတို့သည် ဤလောကီဘဝ၌သာမက နောင်တမလွန်ဘဝ၌လည်း အရှင့်ကရုဏာတော်မှ ကင်းဝေးစေသောအရာများ သူတို့၏နောက်တွင် (ခြေရာခံ) လိုက်လာခြင်းကို ခံကြရ၏။ သတိမူမှတ်သားကြလော့။ ဧကန်ပင်၊ အားဒ်လူမျိုးတို့သည် သူတို့အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြ၏။ သို့ဖြစ်ပေရာ အားဒ်လူမျိုးကြောင့် ဟူးဒ်လူမျိုးလည်းအရှင့် (လမ်းစဉ်တော်နှင့်ကရုဏာတော်မှ) အလှမ်းဝေးခဲ့ကြသည်မှာ သံသယဖြစ်စရာမလိုပေ။