Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 61 — Surah Hud 11:61
ဆမူးဒ်လူမျိုးများထံသို့ သူတို့၏အစ်ကို (တမန်တော်) ဆွာလီဟ်ကို စေလွှတ်တော်မူခဲ့၍ သူက “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကို နာခံကိုးကွယ်ကြလော့။ သင်တို့အတွက် ထိုအရှင်မြတ်မှအပ အခြား ကိုးကွယ်ရာအရှင် အလျှင်း မရှိချေ။ ထိုအရှင်မြတ်သည် သင်တို့အား အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ မြေကမ္ဘာမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ထို (မြေကမ္ဘာ) ၌ပင် အသက်ရှင်ရပ်တည်နိုင်သော စားနပ်ရိက္ခာ၊ လိုအပ်ချက်များ၊ သာယာဝပြောမှုနှင့်ဂုဏ်သိက္ခာများကို ထောက်ပံ့ထားတော်မူလျက်) အခြေချနေထိုင်စေတော် မူ၏။ သို့ဖြစ်ပေရာ (သင်တို့ကျူးလွန်မှားမိခဲ့သည်တို့ကို နောင်တကြီးစွာဖြင့် ဝန်ချတောင်းပန်လျက် အရှင့်လမ်း စဉ်တော်အတိုင်း လိုက်နာနိုင်ရန်) အရှင့်ထံ လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားပြီးနောက် အရှင့်ဘက်သို့ ဦးတည် လှည့်ကြလော့။ မုချဧကန်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သင်တို့နှင့်အဦးဆုံးဖြစ်တော်မူသောအရှင်၊ သင်တို့၏ဆုမွန်ပန်ကြားသမျှအတွက် တုံ့ပြန်ဖြည့်ဆည်းစေတော်မူသော အရှင်ပင်ဖြစ်တော်မူ၏။”