Verse 62 — Surah Hud 11:62

သူတို့က “အို၊ ဆွာလီဟ်၊ ဤမတိုင်မီ သင်က ကျွန်ုပ်တို့ကြားတွင် (ကျွန်ုပ်တို့အတွက်) မျှော်လင့်ချက် အရင်းခံပင်ဖြစ်ခဲ့၏။ (ယခုအခါ) အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့က ကိုးကွယ်ကြလေ့ရှိသော (မိရိုးဖလာကိုးကွယ်မှုမျိုးကို) ကိုးကွယ်ခြင်းမှ တားဆီးလေသလော။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် သင်က ကျွန်ုပ်တို့အား မသင်္ကာဖွယ်ရာဘက်သို့ ဖိတ်ခေါ်နေခြင်းနှင့်ပတ်သက်၍ အမှန်ပင် ယင်း၌ သံသယအပြည့် ရှိ၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။