Verse 67 — Surah Hud 11:67

ထို့နောက် အရှင့်စည်းမျဉ်းတော်အား ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန်ပြုကျင့်ကြသူ တို့ကို အလွန်ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးဖြင့် အရေးယူဖမ်းဆီးစေတော်မူခဲ့ရာ သူတို့သည် သူတို့နေထိုင်ရာ အိမ်များ၌ပင် (မနက်စောစောအချိန်တွင်) လှုပ်ရှားမှုမဲ့သော မှောက်လျက် အနေအထားဖြစ်လာခဲ့ကြ၏။