Verse 69 — Surah Hud 11:69

ငါအရှင်မြတ်၏ (ကောင်းကင်စေတမန်) သတင်းဆောင်များသည် သတင်းကောင်းနှင့်အတူ (တမန်တော်) အီဗ်ရာဟီးမ်ထံ မုချရောက်ခဲ့ကြပြီးနောက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်ခဲ့ကြရာ သူကလည်း “ငြိမ်းချမ်းပါစေ။” ဟု တုံ့ပြန်နှုတ်ဆက်ပြီးလျှင် နှောင့်နှေးကြန့်ကြာခြင်း မရှိစေဘဲ မဆိုင်းမတွပင် ကင်ထားသော နွားငယ်တစ် ကောင်ကို ယူဆောင်လာ (၍ ဧည့်ခံ) ခဲ့လေ၏။