Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 7 — Surah Hud 11:7
ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ခြောက်ရက် (ခေတ်ကာလ ကပ်ကမ္ဘာခြောက်ခု) ၌ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ထိုစဉ်က အရှင့် (အလွန်ကြီးကျယ်မြင့်မြတ်သော တန်ခိုးအာဏာတော်ဆိုင်ရာ) မဟာပလ္လင်တော်သည် သင်တို့အနက် မည်သူသည် အကောင်းဆုံး ပြုမူကျင့်ကြံသူဖြစ်ကြောင်းကို စီစစ်စမ်းသပ်တော်မူရန်အလို့ငှာ (သက်ရှိဖြစ်ပေါ်ရေးအတွက် အဓိကအရင်းအမြစ်ဖြစ်သော) ရေပေါ်၌ ထားရှိတော်မူခဲ့၏။ ထို့ပြင် အကယ်၍ အသင်က (လူတို့အား၊ သင်တို့၏အဓိကပန်းတိုင်မှာ ဤလောကီဘဝ၌ ပြုကျင့်သည်နှင့်အညီ အကျိုးဆုလဒ်နှင့်ပြစ်ဒဏ်များကို စံစားခံစားခြင်းပင် ဖြစ်သောကြောင့်) ဧကန်ပင်၊ အသင်တို့ ကွယ်လွန်သေဆုံး သွားပြီးနောက် သင်တို့အား ပြန်လည်ရှင်သန်ထမြောက်စေတော်မူမည်ဟု မိန့်ကြားလျှင် မယုံကြည်သူ (အမှန်တ ရားကို ဖီဆန်ငြင်းပယ်သူ) တို့က “ဤသည် ထင်ရှားလှစွာသော မှော်ပယောဂအတတ်ပညာ (ညှို့ယူဆွဲဆောင် ဖွယ်ရာကောင်းသောလှည့်စားမှု) သာ ဖြစ်၏။” ဟု မုချ ပြောဆိုခဲ့ကြလိမ့်မည်။