Verse 70 — Surah Hud 11:70

သူတို့၏လက်များကို ထို (နွားကင်) ဘက် မလှမ်းကြသည်ကို (တမန်တော်) အီဗ်ရာဟီးမ် (သတိထား) တွေ့ မြင်သည့်အခါ (သူတို့၏စိမ်းကားသောအမူအရာကြောင့်) သူတို့အား မယုံသင်္ကာဖြစ်လျက် သူတို့အန္တရာယ်တစ်စုံ တစ်ခုပေးမည်ကိုကြောက်၍ စိုးရိမ်ပူပင်ခဲ့၏။ (ထိုစဉ်) သူတို့က “မစိုးရိမ်ပါနှင့်။ အမှန်မှာ ကျွန်ုပ်တို့သည် လူးသ်လူမျိုးတို့ထံသို့ စေလွှတ်တော်မူခြင်းခံရသော သတင်းဆောင် (စေတမန်) များ ဖြစ်ကြ၏။” ဟု (နှစ်သိမ့်စကား) ပြောဆိုခဲ့ကြ၏။