Verse 73 — Surah Hud 11:73

(ထိုအခါ၊ ထိုသတင်းဆောင် စေတမန်များဖြစ်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်၏ စီမံချက်အမိန့် တော်ကြောင့် အံ့အားသင့်ကြသလော။ အိုအိမ်တော်သားအပေါင်းတို့၊ သင်တို့အပေါ် အလ္လာဟ်အ ရှင်မြတ်၏ကရုဏာတော်နှင့်ကျက်သရေမင်္ဂလာအဖြာဖြာ သက်ရောက်ပါစေ။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (အရှင့်အစေခံ လူသားတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးတော်မူ၍) ချီးမွမ်းမှုအလုံးစုံနှင့်ထိုက်တန်တော်မူသောအရှင်၊ ကြည်ညိုဖွယ်ရာ ဂုဏ်ကျက်သရေအလုံးစုံနှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။” ဟု ပြောဆိုခဲ့ကြ၏။