Verse 75 — Surah Hud 11:75

ဧကန်ပင်၊ (တမန်တော်) အီဗ်ရာဟီးမ် နူးညံ့သိမ်မွေ့ပြီး အလွန်စာနာတတ်သူ၊ ကြင်နာစိတ်ရှိပြီး အလွန်အသနားခံတတ်သူ၊ အရှင့်ထံကိုယ်စိတ်နှလုံးအပ်နှံလျက် နာခံမှုအပြည့်ဖြင့် ထပ်တလဲလဲ ဦးလှည့်သူပင် ဖြစ်၏။