Verse 76 — Surah Hud 11:76

(အရှင်မြတ်က) အို၊ အီဗ်ရာဟီးမ်၊ (ထိုလူမျိုးတို့၏လွတ်ငြိမ်းခွင့်အတွက် အသနားခံနေသော) ဤ (လျှောက်လဲချက်) ကို လက်လျှော့ရပ်တန်းလော့၊ ဧကန်ပင်၊ ယင်း (ဒဏ်ခတ်အရေးယူမှု) သည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏စီမံချက် အမိန့်တော်အဖြစ် ရောက်ရှိ ခဲ့ပြီဖြစ်သည့်အပြင် (သူတို့၏ဒုစရိုက်ကျူးလွန်မှုကြောင့်) သူတို့ထံ ဧကန်မလွဲ၊ ဆိုက်ရောက်စေမည့် ပြစ်ဒဏ်ဖြစ် သည့်အတွက် (ယင်းသည်) ပြန်လည်ရုပ်သိမ်းဖယ်ရှားနိုင်စရာ အလျှင်း မဟုတ်ပေ။