Verse 77 — Surah Hud 11:77

ငါအရှင်မြတ်၏သတင်းဆောင် စေတမန်များသည် (တမန်တော်) လူးသ်ထံသို့ရောက်ရှိလာသောအခါ သူသည် သူတို့နှင့်ပတ်သက်၍ ရတက်မအေးဖြစ်လျက် ဖိစီးမှုဒဏ်ခံရပြီး (သူ့လူမျိုးတို့က သတင်းဆောင်များအား ဒုက္ခပေးနိုင်ကြောင်း၊ သူတို့ကို ကာကွယ်ရန် အင်အားအလုံအလောက် မရှိကြောင်းတို့ကြောင့်) သူတို့အတွက် ချောင်ပိတ်မိသကဲ့သို့ ပူပင်၍ စိတ်ကျဉ်းကျပ်မှုခံစားလျက် “ဤသည် စိတ်ဆင်းရဲစေသောနေ့ပင် ဖြစ်၏။” ဟု (ပူပင်စွာ) ပြောခဲ့၏။