Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 78 — Surah Hud 11:78
(ထိုစဉ်) သူ့လူမျိုးများသည် သူ့ထံသို့ အပြေးအလွှားအလျှင်စလို ရောက်လာခဲ့ကြ၏။ ထိုမတိုင်မီ သူတို့ သည် (အလိုရမ္မက်ဖောက်ပြန်လျက်) အလွန်စက်ဆုပ်ရွံရှာဖွယ်ရာ မကောင်းမှုဒုစရိုက်များကို ပြုမူကျင့်ကြံခဲ့ကြ ၏။ (တမန်တော်) လူးသ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဤသည် ကျွန်ုပ်၏သမီးများ ဖြစ်ကြ၏။ သူမတို့သည် သင်တို့အတွက် (သင်တို့၏တဏှာဖောက်ပြန်မှုကို ထိန်းချုပ်စေမည့် ထိမ်းမြားရန်) အသန့်စင်ဆုံး ဖြစ်၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် ကျွန်ုပ်၏ဧည့်သည်များကို စော်ကားလျက် ကျွန်ုပ်အား အရှက် မခွဲကြလေနှင့်။ သင်တို့ထဲတွင် (အရှင့်ဖွဲ့စည်းမှုဆိုင်ရာနိယာမတရားကို လက်ခံ၍ ဖြောင့်မတ်သောသူ) ယောက်ျား ပီသသူတစ်ဦး တစ်ယောက်ပင် မရှိကြသလော။” ဟု ဟောပြောခဲ့၏။