Verse 8 — Surah Hud 11:8

တစ်ဖန်၊ အကယ်၍ ငါအရှင်မြတ်သည် လူ့အသိုင်းအဝိုင်းတစ်ခုအတွက် စီရင်သတ်မှတ်တော်မူထားသော နေ့ရက်အချိန်ကာလအထိ သူတို့၏ပြစ်ဒဏ်ကို ရွှေ့ဆိုင်း၍ နောက်ဆုတ်ထားတော်မူလျှင် (ငါအရှင် သူတို့အား သတိပေးခြင်းကို လှောင်ပြောင်သည့်အနေဖြင့်) သူတို့က “ယင်းကို မည်သည်က ဆိုင်းငံ့ထိန်းချုပ်ထားသနည်း။” ဟု ပြောဆိုကြလေ၏။ သတိပြုမှတ်သားကြလော့။ ထို(ပြစ်ဒဏ်) သူတို့ထံ ဆိုက်ရောက်လာမည့် နေ့ရက်အချိန် ကာလတွင် ယင်းကို သူတို့ထံမှ လွှဲဖယ်စေလျက် တားဆီးခံရမည်မဟုတ်သည့်အပြင် ယင်းနှင့်စပ်လျဉ်း၍ သူတို့ လှောင်ပြောင်ခဲ့သမျှသည်လည်း သူတို့အား လွှမ်းခြုံဝိုင်းရံထားလျက် (အမှုပတ်စေ) လိမ့်မည်။