Verse 83 — Surah Hud 11:83

(ထိုကျောက်မိုးသီးတိုင်းသည်) သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှဖြစ်၍ (ပုဂ္ဂိုလ်တစ်ဦးချင်းစီးအတွက် ပစ်မှတ်ဖြစ်စေတော်မူလျက်) လျာထားသောအရာဖြစ်သည့်အလျှောက် အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုကျင့်ကြသူ တို့မှ (ကွာဝေးသော) ပစ်မှတ်လွဲသောအရာ အလျှင်း မဟုတ်ပေ။