Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 84 — Surah Hud 11:84
ထို့ပြင် မဒ်ယန် (ပြည်သူများထံ) သို့ သူတို့၏နောင်တော် ရှုအိုက်ဗ်ကို စေလွှတ်တော်မူခဲ့ရာ သူက “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာ နာခံကိုးကွယ်ကြလော့။ ထိုအရှင်မြတ်မှလွဲ၍ သင်တို့အတွက် အခြား မည်သည့်ကိုးကွယ်ရာမျှ အလျှင်း မရှိပေ။ ထို့ပြင် (ကုန်စည်ဖလှယ်ရာတွင် အသုံးပြုသော အတိုင်းအတာစနစ်ရှိ) အချိန်အတွယ်နှင့်ချိန်ခွင်စကေးတို့ကို (မသမာသောနည်းဖြင့် တစ်ဖက်သားနစ်နာအောင်) လျှော့မပေးကြလေနှင့်။ (မသမာသောနည်းဖြစ့် စီးပွားရှာ၍) ကြီးပွားချမ်းသာလာသည်ကို ကျွန်ုပ်သည် ဧကန်မလွဲ၊ တွေ့ မြင်ရသော်လည်း ဧကန်ပင်၊ ကျွန်ုပ်သည် (သင်တို့၏မတရားမှုနှင့်မသမာမှုအတွက် အရေးယူရန်) ဝိုင်းဝန်း (အမှုပတ်) ခံရမည့်နေ့တွင် သင်တို့အပေါ် ပြစ်ဒဏ် (ကျခံရမည်) ကို စိုးရိမ်ကြောက်ရွံ့နေရ၏။” ဟု ဟောပြောခဲ့၏။