Verse 85 — Surah Hud 11:85

ထို့ပြင် (ဆက်လက်၍ သူက) အို၊ ကျွန်ုပ်၏လူမျိုးတို့၊ (ကုန်စည်ဖလှယ်ရာတွင်) အချိန်အတွယ်နှင့် ချိန်ခွင့်စကေးတို့ကို (ခေါင်းပုံဖြတ်ခြင်းမရှိစေဘဲ တရားတော်နှင့်အညီ) မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အပြည့် အဝ ချိန်တွယ်တိုင်းတာပေးကြလော့။ သူတို့၏ (ပစ္စည်းဥစ္စာများ၊ အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့်အကြောင်း) အရာများကို (ခေါင်းပုံဖြတ်ခြင်း၊ မသမာသော နည်းများဖြင့် လိမ်လည်ရယူခြင်းနှင့်အလွဲသုံးစားပြုခြင်းဖြင့်) လူသားတို့ကို (နစ်နာဆုံးရှုံးအော် အခွင့်အရေးနှင့်ရပိုင်ခွင့်များကို) တားဆီးပိတ်ပင် ထိန်ချန်မထားကြလေနှင့်။ ကမ္ဘာဂြိုဟ်၌ မတည်မငြိမ်မှုများနှင့်အဖျက်အနှောင့်များ ပြုလုပ်ဖန်တီးရန် ကောက် ကျစ်စဉ်းလဲ ယုတ်မာသော လုပ်ရပ်များဖြင့် အန္တရာယ်မပြုကြလေနှင့်။