Verse 87 — Surah Hud 11:87

သူတို့က “အို၊ ရှုအိုက်ဗ်၊ အသင် ဆွလာသ်ဝတ်ပြုမှုမဏ္ဍိုင်၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ ကိုးကွယ်လာခဲ့ကြသော (မိရိုးဖလာကိုးကွယ်မှုနှင့်) ကိုးကွယ်ရာများကို စွန့်လွှတ်ရန် သို့မဟုတ် ကျွန်ုပ်တို့၏ ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ဆန္ဒအလျှောက် (စိတ်တိုင်းကျ လွတ်လပ်စွာ) ရှာဖွေသုံးစွဲခြင်း မပြုရန် အမိန့်ပေးညွှန်ကြားနေခြင်းပင် ဖြစ်သလော။ ဧကန်ပင်၊ အသင်သည် နူးညံ့သိမ်မွေ့ပြီး စိတ် ရှည်သည်း ခံသူ စိတ်ဓါတ်ကြံ့ခိုင်ပြီး ဖြောင့်မတ်တည်ကြည်သူပင် မုချ ဖြစ်ပေ၏။”