Verse 88 — Surah Hud 11:88

(တမန်တော်) ရှုအိုက်ဗ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှဖြစ်သော မြင်သာထင်ရှားသည့် သက်သေအ ထောက်အထားနှင့်ရှင်းလင်းချက်ပေါ်တွင်သာ ရပ်တည်နေကြောင်းနှင့်ကျွန်ုပ်တို့ ထိုအရှင်မြတ်ကပင် အရှင့်ထံတော်မှ ကောင်း မြတ်သောရိက္ခာနှင့်လိုအပ်ချက်များ ထောက်ပံ့ဖြည့်ဆည်းပေးတော်မူကြောင်း အသင်တို့က မတွေ့မြင် ကြလေသလော။ သင်တို့အား အမိန့်ပေးညွှန်ကြားတိုက်တွန်းသမျှသော အကြောင်းအရာများမှ (မည်သည့်လောကီ အကျိုးအမြတ်နှင့်မတည်မငြိမ်ဖြစ်ရန် ရန်စလိုသောဆန္ဒဖြင့်) သင်တို့ကို ဆန့်ကျင်၍ ပြုမူရန် (မည်သို့မျှ) မရည်ရွယ်ပေ။ (အရှင့်စည်းမျဉ်းတော်နှင့်အညီ ပြုပြင်စေခြင်းဖြင့်) တည်ငြိမ်အေးချမ်းသော သင့်မြတ်မှုကို ရည် ရွယ်၍သာလျှင် တတ်စွမ်းသမျှ ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်၏။ (ထိုသို့ အရှင့်စည်းမျဉ်းတော်နှင့်သင်တို့၏ လုပ်ရပ်များကြား ရင်ကြားစေ့ညှိပေးခြင်းဖြင့် ရရှိမည့်) ကျွန်ုပ်၏အောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ (ဆိုင်၍ အရှင့်ပေါ်တွင်သာလျှင်) မူတည်နေ ၏။ ကျွန်ုပ်သည် ထိုအရှင်မြတ်ပေါ်သာ ယုံကြည်ကိုးစား၍ ပုံအပ်ပြီး ထိုအရှင်မြတ်ထံသို့သာ (ကိုယ်စိတ်နှလုံးဖြင့်) လှည့်၍ မျှော်ကိုးပါ၏။” ဟု ဟောပြောခဲ့၏။