Verse 89 — Surah Hud 11:89

အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဆွာလီဟ်၏လူမျိုး၊ ဟူးဒ်လူမျိုး၊ နူးဟ်လူမျိုး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဘေးဒုက္ခမျိုးကဲ့သို့သော ဘေးဒုက္ခပြစ်ဒဏ်များ သင်တို့အပေါ်လည်း ဆိုက်ရောက်လာစေရန် သင်တို့နှင့်ကွဲလွဲသော ကျွန်ုပ်၏သဘောထားအမြင်ပေါ်အခြေခံ၍ သင်တို့အနက်မှ (အချို့အား) (ရာဇဝတ်မှုများ) ပြစ်မှုဒုစရိုက်များ ကျူးလွန်ခွင့် မပေးကြလေနှင့်။ လူးသ်လူမျိုးတို့သည် သင်တို့နှင့်မကွာခြားလှပေ။