Verse 9 — Surah Hud 11:9

အကယ်၍ ငါအရှင်မြတ်သည် လူသားအား ငါအရှင့်ထံတော်မှ ကရုဏာတော်တစ်စုံတစ်ခုကို မြည်းစမ်းစေတော်မူပြီးနောက် ယင်းကို သူတို့ထံမှ ဖယ်ခွာရုပ်သိမ်းတော်မူလျှင် လူသားသည် ဧကန်ပင်၊ မျှော် လင့်ချက်ကင်းမဲ့လျက် (အရှင့်ကျေးဇူးတော်နှင့်သိက္ခာပေးမှုကို မေ့ပစ်၍ မယုံကြည်မှု၊ အမှန်တရားကို ဖီဆန်ငြင်းပယ်မှုဘက်သို့ ယိမ်းယိုင်၍) ကျေးဇူးမသိတတ်သူ ဖြစ်လာ၏။