Verse 90 — Surah Hud 11:90

(မသိနားမလည်၍ မတော်တဆ ကျူးလွန်မိသည်တို့အတွက်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားလော့။ ထို့နောက် (နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်ခြင်းဖြင့် အရှင့်လမ်းစဉ်တော်နှင့်) အရှင်မြတ်ဘက်သို့ ဦးတည်လှည့်ကြလော့။ မုချဧကန်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင်၊ အလွန်ပင် မေတ္တာထားတော်မူသောအရှင် ဖြစ်တော်မူ၏။