Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 93 — Surah Hud 11:93
“အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်ပင်၊ ကျွန်ုပ်သည် (အရှင်မြတ်ပေးအပ်ထားတော်မူသည့် တာဝန်ကို ကျေပွန်စွာ) ပြုမူကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျှောက် သင်တို့လည်း သင်တို့၏နေရာ (အဆင့်အတန်းနှင့် အခြေအနေပေါ် ရပ်တည်၍ သင်တို့၏စွမ်းရည်) နှင့်အညီ ပြုမူကျင့်ကြံကြလော့။ အချိန်တန်လျှင် မည်သူက လူလိမ်လူညာ ဖြစ်ပြီး မည်သူ့ထံ အရှက်တကွဲဖြစ်စေမည့် ပြစ်ဒဏ်အား ထိရောက်စေမည်ကို မကြာမီ သင်တို့ သိကြလိမ့်မည်။ အသင်တို့စောင့်မျှော်နေကြလော့။ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ မုချ စောင့်မျှော်နေ၏။” ဟု ပြန်ပြောခဲ့၏။