Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 94 — Surah Hud 11:94
ငါအရှင်မြတ်၏စီမံချက်အမိန့်တော်ရောက်ရှိစေတော်မူသောအခါ တမန်တော်ရှုအိုက်ဗ်ကိုလည်းကောင်း၊ သူနှင့်အတူရှိသော ယုံကြည်သူများကိုလည်းကောင်း၊ အရှင့်ထံတော်မှဖြစ်သော ကရုဏာတော်ဖြင့် ကယ်တော်မူပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံကြသူတို့ကိုမူ အလွန်ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးဖြင့် အရေးယူ ဖမ်းဆီးစေတော်မူခဲ့ရာ သူတို့သည် သူတို့နေထိုင်ရာအိမ်များ၌ပင် (မနက်စောစောအချိန်တွင်) လှုပ်ရှားမှုမဲ့ပြီး မှောက်လျက် အနေအထားဖြစ်လာခဲ့ကြ၏။