Verse 106 — Surah Yusuf 12:106

(လူသားတိုသည် စကြဝဋ္ဌာအတွင်း တွေ့မြင်ခံစားနေရသော နိယာမတရားများ၊ နေ့ည၊ ရာသီဥတုနှင့်သက်ရှိသက်မဲ့တို့၏အပြောင်းအလဲများနှင့်စွမ်းအင်များကို အရှင်မြတ်မှအပ သူတို့ကိုးကွယ်နေကြသော အ ခြား ကိုးကွယ်ရာများ၏တီထွင်မှုများ မဟုတ်ကြောင်း ကောင်းစွာ သိနားလည်ပါလျှက်) သူတို့အနက်မှ အများစုသည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသောအရာများကိုကွယ်ကြသူများသာ ဖြစ်ကြပြီး အလ္လာဟ်အရှင်မြတ် (ဖွဲ့စည်းဖြစ်တည်စေသော ထိုအရာများကို အလိုအလျှောက်ဖြစ်လာသော သဘာဝဟု မှတ်ယူကာ အရှင်မြတ်) အား ယုံကြည်ကြသည် မဟုတ်ပေ။