Verse 107 — Surah Yusuf 12:107

(အရှင်မြတ်အား မယုံကြည်ကြသော) ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်များအနက်မှ (လော ကီပြစ်များဖြစ်သော ရေကြီးခြင်း ငလျှင်လှုပ်ခြင်း၊ မုန်တိုင်းဖြစ်ခြင်းစသော အားလုံးကို) လွှမ်းခြုံဖုံး လွှမ်းမည့်ဒုက္ခ ဆိုက်ရောက်လာနိုင်ကြောင်း သို့တည်းမဟုတ် သူတို့ သတိမမူဘဲ အမှုမဲ့အမှတ်မဲ့ ရှိနေကြစဉ် ကမ္ဘာပျက်မည့် နောက်ဆုံးနေ့နာရီသည် ရုတ်တရက် ဆိုက်ရောက်လာနိုင်ကြောင်းကို စိုးရိမ်ခြင်းကင်းစွာဖြင့် လုံခြုံစိတ်ချမှု ခံစားနေကြလေသလော။