Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 108 — Surah Yusuf 12:108
(အို၊ ရစူလ်တမန်တော်၊ သူတို့အား) ကြွေးကြော်ကြေညာလော့။ “ကျွန်ုပ်နှင့်ကျွန်ုပ်၏နောက်လိုက်တို့သည် ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး ထင်ရှားခိုင်လုံသော သက်သေအထောက်နှင့်တိကျသေချာသည့် ဉာဏ် ပညာဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ပေါ်တွင် အခြေခံ၍ (လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်နေကြသော ဤလမ်းစဉ်ပင် ကျွန်ုပ်၏လမ်းစဉ် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုလုံးဝကင်း ပြီး အနှိင်းမဲ့ အရှင်ဖြစ်ကြောင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေခြင်း မရှိကြောင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အာလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့ ကြွေးကြော် ကြသည့်အပြင် ကျွန်ုပ်သည် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ အခြားသောအရာများကို ကိုးကွယ်ကြသော သူတို့ အနက်မှ အလျှင်း မဟုတ်ချေ။