Verse 109 — Surah Yusuf 12:109

စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် သင်တို့မတိုင်မီ လွန်လေပြီးခဲ့သော မြို့ရွာဒေသများတွင် နေထိုင်ခဲ့ကြသည့်ပြည်သူများအနက်မှ အမျိုးသားများကိုသာလျှင် ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချတော်မူ၍ သူတို့ထံသို့ စေလွှတ်တော်မူခဲ့၏။ လူသားများအနက်မှ (ရှေးဟောင်းသုတေသနပညာရှင်များ အတတ်ပညာရှင် အသိပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့်အရှင်မြတ်မှလွဲ၍ အခြားသက်ရှိသက်မဲ့များကို ကိုးကွယ်နေကြသော) သူတို့မတိုင်မီ လွန်လေသွားခဲ့ကြသော မျိုးဆက်တို့၏လုပ်ရပ်အကျိုးဆက်နှင့်အဆုံးသတ်နိဂုံး မည်သို့ဖြစ်ခဲ့သည်ကို စူးစမ်းလေ့လာပြီး တွေ့မြင်သုံးသပ်နိုင်ရန်အလို့ငှာ ကမ္ဘာမြေအနှံ့တွင် မည်သည့်အခါမျှ လှည့်လည်သွားလာခြင်း မပြု ကြလေသလော။ အမှန်စင်စစ်၊ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်ကြံကြ သူတို့အတွက် စီစဉ်ထားတော်မူသည့် နောင်တမလွန်ဘဝဆိုင်ရာ ဗိမာန်သည်သာ အကောင်းမြတ်ဆုံးဖြစ်ကြောင်းကို သင်တို့က ဆင်ခြင်တုံတရားဖြင့် တွေးခေါပြီး နားမလည်ကြလေသလော။