Verse 11 — Surah Yusuf 12:11

(ထိုအမြင်အား ညီနောင်များက သဘောတူကြပြီးနောက်) သူတို့သည် (ဖခမည်းတော်ထံချဉ်းကပ်၍) ""အို၊ ကျွန်ုပ်တို့၏ခမည်းတော်၊ ဧကန်ပင်၊ ကျွန်ုပ်တို့သည် သူ့ (ကောင်းရာကောင်းကျိုး) အတွက် စိတ်ရင်းဖြူ စင်စွာဖြင့် စေတနာထားသူများ မုချ ဖြစ်ကြပါလျက် ယူစုဖ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အပေါ်တွင် အဘယ်ကြောင့် (မယုံကြည်၍) စိတ်မချပါသနည်း။"" လျှောက်ထားပြောဆိုကြလျက်။