Verse 110 — Surah Yusuf 12:110

ရှေးလူတို့သည် (အရှင့်သတင်းကောင်းများဖြင့် အရှင့်ဘက်သို့ ဖိတ်ခေါ် ခဲ့ကြသော) တမန်တော်များကို အချိန်အတန်ကြာ ညှင်းပန်းခဲ့ကြပြီး နောက်ဆုံးတွင် ရစူလ်တမန်တော်များသည် သူတို့က မည်သည့်အခါမျှ ယုံကြည်လာလိမ့်မည် မဟုတ်ကြောင်း ထင်မြင်လျက် မျှော်လင့်ချက်ကင်းမဲ့လုဆဲဆဲ ဖြစ်သည်အထိ ဖီဆန်ငြင်းပယ်ခြင်းခံခဲ့ကြရ၍ ငါအရှင်မြတ်၏အကူအညီ ရောက်လာခဲ့သောကြောင့် အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူတို့သည် ကယ်တော်မူခြင်း ခံခဲ့ကြရ၏။ စင်စစ်သော်ကား၊ ရာဇဝတ်မှုကျူးလွန်သူ တို့ထံမှ မရှောင်လွှဲနိုင်သော ငါအရှင်မြတ်၏ပြစ်ဒဏ်အား (မည်သူမျှ မည်သည်နည်းနှင့်မျှ) တွန်းလှန်ပယ်ရှားစေနိုင်မည် မဟုတ်ချေ။