Verse 111 — Surah Yusuf 12:111

မုချဧကန်၊ တွေးတောမြော်မြင်ချင့်ချိန်စဉ်းစားနိုင်စွမ်းရှိသော ပညာရှင်တို့အတွက် (တမန်တော်) ယူစုဖ် နှင့်သူ့ညီနောင်များဖြစ်ကြသော သူတို့ဘဝခရီး၏ (စံနမူနာယူဖွယ်ရာ အကြောင်းအရာ) အချက်အလက်များ၌ အရေးပါသော သင်ခန်းစာတစ်ခု မုချပင် ရှိနေ၏။ ထိုအရေးပါသော သင်ခန်းစာရဖွယ် အကြောင်းအရာများ ပါဝင်သည့် ကျမ်းတော်မြတ်ကုရ်အာန်၌ လုပ်ကြံဖန်တီးထားသော မည်သည့်စကား (အချက် အလက်) မျှ မပါဝင်ရုံသာမက ယင်းမတိုင်မီ ချမှတ်ပေးအပ်တော်မူပြီး သူတို့လက်ဝယ်၌ ရှိနေသောကျမ်း (စာပါ အချက်အလက် များအား မှန်၊ မမှန်ဟူသည်) ကိုလည်း အတည်ပြုဖြောင့်မှန်စေပြီး အရာခပ် သိမ်းကို အသေးစိတ်ရှင်းလင်း တင်ပြသည့်အပြင် သက်ဝင်ယုံကြည်ကြသော လူမျိုးတို့အတွက် လမ်းညွှန်တော်နှင့်ကရုဏာတော်လည်း ဖြစ်၏။