Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 15 — Surah Yusuf 12:15
(ဖခမည်းတော်က သူတို့၏ဆင်ခြေကို လက်ခံ၍ ခွင့်ပြုပြီးနောက်) သူတို့သည် သူ့အား အတူ ခေါ်ဆောင် သွားခဲ့ကြစဉ် သူတို့အားလုံးက သူ့ကို ရေတွင်း၏စောက်နက်ထဲသို့ ပစ်ချကြရန် (တညီတညွတ်တည်း သဘောတူဆုံးဖြတ်လျက် ထိုအတိုင်းပင်) ပြုလုပ်ခဲ့ကြ၏။ ထိုစဉ် ငါအရှင်မြတ်သည် တမန်တော်ယူစုဖ်အား ""ဧကန်ပင်၊ သင်သည် သူတို့စီမံလုပ်ဆောင်သည့် ဤဖြစ်ရပ်နှင့်စပ်လျဉ်း၍ သူတို့ သတိမမူ၊ နားလည်သဘောပေါက်ခြင်း မရှိကြသောအခါ အသိပေးပြောကြားလိမ့်မည်။"" ဟု ဝဟီအမိန့်တော်ကို ထုတ်ပြန်ပို့ချတော်မူခဲ့၏။