Verse 17 — Surah Yusuf 12:17

(ခမည်းတော်အား) ""အို၊ ကျွန်ုပ်တို့၏ဖခမည်းတော် ဧကန်ပင်၊ ကျွန်ုပ်တို့သည် ယူစုဖ်အား ကျွန်ုပ်တို့၏ (လောကီလိုအပ်ချက်များဖြစ်သော အဝတ်အစား၊ တုတ်၊ ဓါး စသည့်) ပိုင်ဆိုင်မှုများနှင့်အတူ ထားခဲ့၍ (အချင်းချင်း သူထက်ငါသာအောင်) အပြိုင်ပြေးကြလျက် (အလှမ်းဝေးသောနေရာသို့ ထွက်ခွာ) ရောက်သွားခဲ့ခြင်းကြောင့် ဝံပုလွေက သူ့ကို ကိုက်စားနိုင်ခဲ့၏။ အကယ်၍ ကျွန်ုပ်တို့သည် အမှန်အတိုင်း ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုကြသူများဖြစ်သည့်တိုင်အောင် အသင်သည် ကျွန်ုပ်တို့အား ယုံကြည်ကြမည် မဟုတ်ပါ။"" ဟု ပြောဆိုခဲ့ကြ၏။