Verse 18 — Surah Yusuf 12:18

ထို့ပြင် သူတို့သည် သူ၏အင်္ကျီပေါ်တွင် မဟုတ်မမှန်လုပ်ကြံထားသောသွေးများဖြင့် (လိမ်းကျံ၍ ယင်းကို သူတို့နှင့်အတူ) ယူလာခဲ့ကြ၏။ (တိရိစ္ဆာန်၏ကိုက်ဖြဲမှုခံရသော လက္ခဏာ လုံးဝ ကင်းမဲ့နေသော အင်္ကျီကို မြင်ပြီးနောက် တမန်တော်) ယာကူဗ်က "" အမှန်အတိုင်းပြောရလျှင် ယင်း (လုပ်ကြံထားသောအင်္ကျီ) က သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ဖြင့် သင်တို့အတွက်သာ စီမံချက်တစ်စုံ တစ်ရာကို (သင်တို့ကိုယ်တိုင် ပရိယာယ်ဆင်၍ လုပ်ခြင်းသာဖြစ်ကြောင်း) အဆိုပြုထောက်ပြနေ၏။ သို့ဖြစ်ပေရာ၊ (ကျွန်ုပ်က အားကိုးအားထားပြုရ မည်မှာ ညည်းညူမှု ကင်းမဲ့စွာဖြင့် စိတ်နှလုံးကြံ့ခိုင်စေမည့် လှပတင်းတိမ်သော) မွန်မြတ်သည့်သည်းခံမှုပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည်သာ သင်တို့ (လုပ်ကြံဖန်တီးသောအကြောင်းအရာအား သင်တို့ကပင်) သရုပ် ဖော်တင်ပြလာခြင်းနှင့်ဆန့်ကျင်၍ (ဖြစ်စေတော်မူမည့်အရှင်)၊ ကျွန်ုပ်က ယုံကြည်ကိုးစားစွာဖြင့် အကူအညီတောင်းခံနိုင်မည့်အရှင် ဖြစ်တော်မူ၏။"" ဟု ပန်ကြားခဲ့၏။