Verse 19 — Surah Yusuf 12:19

ထို့နောက် ခရီးသည်တစ်စုသည် (တမန်တော်ယူစုဖ်အား ပစ်ချခဲ့သည့်ရေတွင်းနားသို့) ရောက်ရှိလာ၍ ရေငင်သူအား (ရေယူလာရန်) စေလွှတ်ခဲ့ရာ သူက သူ့ရေပုံးကို (ရေတွင်းထဲသို့ ချ၍) ဆွဲတင်စဉ် ""အို၊ ဝမ်းသာစရာသတင်းကောင်းပါ။ ဤသည် လူငယ်တစ်ဦးပါ။"" ဟု အံ့အားသင့်စွာ ဟစ်အော်ပြောခဲ့၏။ ထို့နောက် သူတို့သည် သူ့ကို ရောင်းကုန်အနေဖြင့် (ရောင်းချနိုင်ရန်) ထိန်းသိမ်းဖုံးကွယ်ထားခဲ့ကြ၏၊ (အသင်တို့က မည်သည်ကို မည်သို့ လျှို့ဝှက်စွာ ထိန်းသိမ်းထားသည်ဖြစ်စေ) အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှ အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူ၏။