Verse 20 — Surah Yusuf 12:20

ထို့နောက် သူတို့သည် တမန်တော်ယူစုဖ်အား မဖြစ်စလောက်သေးနုပ်သော ဒစ်ရ်ဟမ် ငွေဒင်္ဂါး အနည်းငယ်ဖြင့် ရောင်းချခဲ့ကြလေ၏။ အမှန်မှာ သူတို့သည် (သူ့၌ တန်ဖိုးမဖြတ်နိုင်သောပညာ ရှိကြောင်းကို မသိ နားမလည်သောကြောင့်) သူ့အား ဆက်လက်ထိန်းထားလိုသောဆန္ဒမရှိ၍ လက်လျော့ခဲ့ကြသူများထဲတွင် အပါအဝင် ဖြစ်ကြလေ၏။