Verse 21 — Surah Yusuf 12:21

အီဂျစ်ပြည်မှ တမန်တော်ယူစုဖ်ကို ဝယ်ယူခဲ့သူသည် သူ့အမျိုးသမီးအား ""ကျွန်ုပ်တို့ကို ကောင်းကျိုးပေး မည့်သူ ဖြစ်နိုင်သဖြင့် သူ့ကိုကောင်းမွန်သော နေရာထိုင်ခင်းပေး၍ ဂုဏ်ပြုဧည့်ခံလော့။ သို့မဟုတ် ကျွန်ုပ်တို့သည် သူ့ကို သားတစ်ဦးအဖြစ် မွေးစားကြမည်လော့။"" ဟု တိုက်တွန်း ပြောဆိုခဲ့လေ၏၊ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် ယူစုဖ်အတွက် မြေကမ္ဘာတွင် အခြေချနေထိုင်စရာ ထူထောင်ပေးတော်မူပြီး (အိပ်မက်အပါအဝင် အဖြစ်အပျက် များနှင့်အကြောင်းအရာများဆိုင်ရာ သတင်းအချက်အလက်များနှင့်) ပြောဆိုတင်ပြချက်များ၏အနက်အဓိပ္ပါယ် ဖွင့်ဆိုမှုပညာကို သင်ပေးတော်မူရန် အခြေအနေတစ်ရပ်ကို ဖန်တီးစေတော်မူခဲ့၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ဖြစ်ပျက်စေလိုတော်မူသော) စီမံချက်အရေးကိစ္စဟူသမျှကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူသည့်တိုင် လူသားအများစုသည်ကား ယင်းကို သိနိုင်ကြသည် မဟုတ်ပေ။