Verse 22 — Surah Yusuf 12:22

သူသည် အရွယ်ရောက်လာ၍ လူလားမြောက်သည့်အခါ ငါအရှင်မြတ်သည် သူ့အား (အုပ်ချုပ်နိုင်စွမ်း ရှိ သော) ဉာဏ်အမြော်အမြင်နှင့်အသိပညာ (ဆိုင်ရာ အခွင့်အာဏာ) တို့ကို ချီးမြှင့်တော်မူခဲ့၏။ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှအား အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အား ဆုလဒ်အကျိုးခံစားခွင့်များ ပေးတော်မူ၏။