Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 23 — Surah Yusuf 12:23
သူမသည် သူနေထိုင်လာခဲ့သော သူမ၏အိမ်ထဲ၌ပင် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူ ထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော် အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့် ဆန့်ကျင်ကာ သူ့ကို ချော့မော့မြှူဆွယ်ရန် ကြိုးစားသည့်အနေဖြင့် (အခန်း) တံခါးများကို ပိတ်ထားလျက် ""မြန်မြန်လာပါ၊ သင့်အတွက်ပါ။"" ဟု မြှူဆွယ်ပြောဆိုခဲ့ရာ သူက ""အလ္လာဟ်အရှင်မြတ် (ထံတော်၌သာ ပြစ်မှုဒုစရိုက် များမှ ရှောင်ကြဉ်နိုင်သော ခိုလှုံစရာရှိပြီး အရှင်မြတ်) က ကျွန်ုပ်ကို ကယ်တော်မူပါစေ။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (အသင်မ၏ခင်ပွန်းသည်နှင့်ကျွန်ုပ် သခင်ဖြစ်သူဖြင့်) ကျွန်ုပ်အား (ဤသို့) အကောင်းဆုံးနေရာထိုင်ခင်းကို ပေးအပ်ခဲ့၏။ မုချဧကန်၊ ထိုအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရားမမှန်မကန် ပြုမူကျင့်ကြံသူတို့အား အောင်မြင်စေတော်မူမည် မဟုတ်ချေ။