Verse 24 — Surah Yusuf 12:24

ဧကန်မုချ၊ သူမသည် တမန်တော်ယူစုဖ်နှင့်ပတ်သက်၍ တပ်မက်မှုဘက်သို့ အပြီးသတ် တိမ်းညွတ်ခဲ့ပြီး အကယ်၍ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (ကိုယ်ကျင့်သိက္ခာနှင့်ကာယိန္ဒြေထိန်းသိမ်းမှုဆိုင်ရာ) သက်သေအထောက်အထားတော်ကို မတွေ့ခဲ့လျှင် သူသည်လည်း (သူမထံမှ ရုန်းထွက်ရန် ကြိုးစားခဲ့မည် မဟုတ်ဘဲ) သူမနှင့်ပတ်သက်၍ တပ်မက်မှုဘက်သို့သာ တိမ်းညွတ်ခဲ့လိမ့်မည် ဖြစ်၏၊ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် မကောင်းမှုနှင့်မဖွယ်မရာ လုပ်ဆောင်မှုများကို သူ့ထံမှ ဖယ်ရှားပေး၍ ကင်းဝေးစေတော်မူရန် (သက်သေတော်ဖြင့်) ဧကန်မုချ၊ ရှင်းလင်းစွာ ညွှန်ကြားထားတော်မူ၏။ ဧကန်ပင်၊ သူသည် ယုံကြည်မှုဆိုင်ရာ ကျင့်ဝတ်သီလများကို စိတ် ရင်းစေတနာဖြူစင်စွာဖြင့် ကျင့်ကြံကြသော ငါအရှင်မြတ်၏အစေခံများ အနက်မှ (တစ်ဦး အပါအဝင်) ဖြစ်၏။