Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 25 — Surah Yusuf 12:25
ထိုစဉ် သူတို့နှစ်ဦးစလုံးသည် တံခါးရှိရာသို့ သူထက်ငါဦးအောင်ပြေးခဲ့ကြရာ သူမက သူ့အင်္ကျီကို ကျောဘက်မှ ဆွဲစုတ်ပြီးနောက် တံခါးဝအရောက်တွင် သူတို့နှစ်ဦးသည် သူမ၏သခင် (ခင်ပွန်းသည်) နှင့်ကြုံ တွေ့ခဲ့ကြ၏။ (သူမက ခင်ပွန်းသည်အား) ""အသင်၏မိသားစုဝင် (ဇနီးသည်) နှင့်ဆန့်ကျင်၍ မကောင်းမှု ကြံရွယ်သူအတွက် အကျဉ်းချခံရစေခြင်းနှင့်ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်ပေးခြင်းမှအပ (အခြားမည်သို့သော) ဒဏ်ခတ်အရေးယူမှု ရှိသင့်သနည်း။"" ဟု မေးမြန်းခဲ့၏။