Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 26 — Surah Yusuf 12:26
သူက “သူမသည်သာ ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ပတ်သက်၍ ကျွန်ုပ်အား မြှူဆွယ်ရန်ကြံရွယ်ခဲ့ခြင်းသာ ဖြစ်၏။” ဟု ချေပပြောဆိုခဲ့၏။ ထို့ပြင် သူမ၏မိသားစုဝင်များအနက်မှ သက်သေတစ်ဦးကလည်း “အကယ်၍ သူ့အင်္ကျီသည် ရှေ့ဘက်မှ စုတ်ပြဲခြင်းခံရလျှင် သူမသည် ရိုးသားဖြောင့်မတ်စွာ ဖြောင့်ချက်ပေးခြင်းဖြစ်ပြီး သူသည် လူလိမ်လူညာများအနက်မှ (တစ်ဦး အပါ အဝင်) ဖြစ်လိမ့်မည်။” ဟု (ထိုအရေးကိစ္စအား စီရင်ဆုံးဖြတ်ရာတွင် လွယ်ကူစေရန်) အကြံပေးခဲ့၏၊