Verse 29 — Surah Yusuf 12:29

(ထို့နောက် တမန်တော်ယူစုဖ်ဘက်သို့ လှည့်၍) အို၊ ယူစုဖ်၊ အသင်သည် ဤကိစ္စ (ကို မသိကျိုးကျွန်ပြုလျက် ယင်းနှင့်ပတ်သက်၍ ပြောဆိုခြင်း) မှ ရှောင်ကြည်ခြင်းဖြင့် ဥပေက္ခာပြုထားလော့။” ဟု တိုက်တွန်းပြောဆိုပြီးနောက် သူ့ဇနီးသည်ဘက်လှည့်၍) အသင်မ ကျူးလွန်သော ပြစ်မှုအတွက် (ယူစုဖ်ထံ) ခွင့်လွတ်ခွင့်တောင်းခံလော့။ (အကြောင်းမှာ) ဧကန်ပင်၊ အသင်မသည် သင့်ပြစ်မှုအတွက် ငါ့ထံ (ဝန်ချတောင်း ပန်၍) လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလော့။ ဧကန်မလွဲ၊ အသင်မသည် ပြစ်မှုကျူးလွန်သူများအနက်မှပင် ဖြစ်၏။