Verse 3 — Surah Yusuf 12:3

ငါအရှင်မြတ်သည် ဤ (ကျမ်းတော်မြတ်ကုရ်အာန်) ကို အသင် (တမန်တော်) ထံ ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချခြင်းနှင့်အတူ (ထိုကျမ်းတော်၌) အကောင်းဆုံး ဖြစ်စဉ် (ဆိုင်ရာ အကြောင်းအရာများ ပါဝင်စေတော်မူလျက်) ယခင်တမန်တော်များ၏ဘဝခရီးအကြောင်း) ကိုလည်း အသင်အား ပြန်လည် ပြောပြတော်မူ၏။ အမှန်စင်စစ်၊ အသင်သည် ထို (ကျမ်းတော်အား တင်ပြစေတော်မူခြင်း) မတိုင်မီ (ထိုအ ကြောင်းအရာများနှင့်စပ်လျဉ်း၍) မသိသေးသူများအနက်မှ မုချပင် (တစ်ဦး အပါအဝင်) ဖြစ်လေ၏။