Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 30 — Surah Yusuf 12:30
(သူမ၏ခင်ပွန်းသည်က ထိုကိစ္စကို လျှို့ဝှက်ဖုံးကွယ်ထားရန် ကြိုးစားခဲ့သော်လည်း မြို့တွင်း၌ ထိုသတင်း ပျံ့နှံ့သွားသည့်အခါ) မြို့ထဲတွင် နေထိုင်သောအမျိုးသမီးများက “(ဂုဏ်သရေရှိသော ဝန်ကြီး အဇီဇ်၏ အမျိုးသမီးသည် သူမ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ပတ်သက်၍ (သူမ၏နှလုံးသားထဲ၌) အမှန်ပင် ချစ်စိတ်မွှန်ထူလာခဲ့ပြီး သူမ၏ကျွန်အား မြှူဆွယ်ရန်ကြံရွယ်ခဲ့၏။ ဧကန်ပင်၊ ကျွန်မတို့သည် သူမကို သိသာထင် ရှားသော လမ်းမှားမှု၌ အမှန်ပင် (သူမ၏အသိတရားနှင့်ဂုဏ်သိက္ခာကို မှေးမှိန်စေသူတစ်ဦးအဖြစ်သာ) မြင်ကြ၏။” ဟု မှတ်ချက်ပေးပြောဆိုကြကုန်၏။