Verse 31 — Surah Yusuf 12:31

(ထိုမြို့တွင်းနေ အမျိုးသမီးများက) သူမတို့၏မရိုးသားသော အတင်းစကားဖြန့် (၍ အပုပ်ချ) နေခြင်းနှင့်စပ်လျဉ်း၍ (အဇီဇ်၏အမျိုးသမီးဖြစ်သူ) သူမက ကြားသိရသောအခါ သူမတို့အား ခေါ်စေပြီး သူမတို့အတွက် မှီအုံးများဖြင့် သက်တောင့်သက်သာရှိစေ၍ ခမ်းနားထည်ဝါသော စားသောက်ဝိုင်းတစ်ခုကို စီစဉ်ပြင်ဆင်စေလျက် သူမတို့ တစ်ဦးချင်းစီ၏လက်ထဲတွင် ဓါးတစ်ချောင်းစီ ပေးခဲ့၏။ ထို့နောက် သူမသည် (ယူစုဖ်အား) “သူမတို့ ၏ရှေ့မှောက်သို့ ထွက်လော့။” ဟု ပြောခဲ့သောကြောင့် သူမတို့သည် သူ့ကို တွေ့မြင်သောအခါ သူ့အား အံ့မခန်း ကြည်ညိုလေးစားမိ (၍ ငေးကြည်း) နေကြစဉ် သူမတို့၏လက်များကိုပင် (ရှမိ) ဖြတ်မိခဲ့ကြလေ၏။ ထို့ပြင် “အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုကျူးလွန်ခြင်းမှ တားမြစ်တော်မူ၍) ကယ်တော်မူပါစေ။ ဤ (ပုဂ္ဂိုလ်) သည် (သေမျိုးဖြစ်သော) လူသားတစ်ဦး အလျှင်း မဟုတ်ပေ။ (အမှန်အတိုင်းဝန်ခံရလျှင် ဤသည် မြင့်မြတ်သော ကောင်းကင်စေတမန်တစ်ဦးသာ ဖြစ်၏။” ဟု အံ့အားသင့်စွာဖြင့် ပြောဆိုကြကုန်၏။)