Verse 32 — Surah Yusuf 12:32

(အဇီဇ်၏အမျိုးသမီးဖြစ်သော) သူမသည် (ထိုမြို့သူတို့အား “အသင်မတို့ တွေ့မြင်သည့်အတိုင်းပင်) သူသည် ထိုသို့သော ပုဂ္ဂိုလ်ဖြစ်သောကြောင့် သူနှင့်ပတ်သက်၍ သင်တို့က ကျွန်မအား မခံချိမခံသာဖြစ်အောင် ပြစ်တင်ခွင့်ရခဲ့ကြ၏။ ကျွန်မသည် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဆန့်ကျင်၍ (အလို ရမ္မက်ဖြင့် ကျွန်မဘက်သို့ တိမ်းညွတ်လာအောင်) မြှူဆွယ်ရန်ကြံ ရွယ်ခဲ့သော် လည်း သူသည် (သူ၏နဖ်စ်ကို အရှင့်စည်းမျဉ်းတော်နှင့်အညီသာ အသုံးချလျက်) သူ၏ကာယိန္ဒြေကို ပြတ်သားစွာ ချုပ်တည်း၍ ကာကွယ်နိုင်ခဲ့၏။ သို့ရာ တွင် အကယ်၍ သူသည် ကျွန်မ၏အလိုဆန္ဒနှင့်အညီ အမိန့်ပေးသည့်အတိုင်း မပြုလုပ် (ဘဲ ဆက်လက်ငြင်း ပယ်နေ) လျှင် သူသည် ဧကန်မုချ၊ အကျဉ်းချခြင်းခံရမည်သာမက အရှက်ကွဲခြင်းကိုလည်းခံရလျက် သေးသိမ်သောသူများအနက်မှ အမှန်ပင် (တစ်ဦးအပါအဝင်) ဖြစ်လိမ့်မည်။” ဟု ကြိမ်းဝါးပြောဆိုခဲ့၏။