Verse 33 — Surah Yusuf 12:33

(ထိုအခါ) တမန်တော်ယူစုဖ်က “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူမတို့သည် ကျွန်ုပ်အား (အမိန့်ပေး) ဖိတ်ခေါ်နေသော ထိုကိစ္စ (ရပ်ဘက်သို့ တိမ်းညွတ် ခြင်း) ထက် အကျဉ်းထောင်ဘက် (သို့သွားခြင်း) သည် ကျွန်ုပ်အတွက် သာပို၍ပင် နှစ်သက်ဖွယ်ရာ ဖြစ်ပါ၏။ အရှင်မြတ်သည်သာ (သက်သေအထောက်အထားတော်ဖြင့်) ကျွန်ုပ်ဘက်မှ သူမတို့၏ ပရိယာယ်များသောကြံစည်မှုကို (တားမြစ်တော်မူ၍) လွဲဖယ်တော်မမူခဲ့လျှင် ကျွန်ုပ်သည် သူမတို့ဘက်သို့ တိမ်းညွတ်၍ (ထိုသို့သော မြှူဆွယ်ဖြားယောင်းမှုကို မလွန်ဆန်နိုင်သော) ပညာမဲ့များအနက်မှ (တစ်ဦးအပါအဝင်) ဖြစ်သွားခဲ့လိမ့်မည်။” ဟု (အရှင်မြတ်ထံ) အနူးအညွတ်ပန်ကြားခဲ့၏။