Verse 35 — Surah Yusuf 12:35

ထို့နောက် သူတို့သည် (တမန်တော်ယူစုဖ်၏အပြစ်ကင်းမဲ့ကြောင်းကို ထောက်ပြသောအရာများ) အာယသ်သက်သေလက္ခဏာတော်များကို တွေ့မြင်ကြပြီးနောက်တွင်မှ သူ့အား အချိန်ကာလတစ်ခုအထိ အ ကျဉ်းချထားရန် (မှူးကြီးမတ်ရာများသော သူတို့အတွက်) ဧကန်မုချ လိုအပ်နေကြောင်း အတွေးပေါ်လာခဲ့၏။